စစ်ကိုင်း ၄ သြဂုတ်
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (စစ်ကိုင်းတိုင်းဒေသကြီး)၏ နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို သြဂုတ် ၃ ရက် နံနက် ၉ နာရီက စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံး စစ်ကိုင်းမြို့၌ ကျင်းပရာ အသင်းသူ/အသား ၃၇ ဉီး တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် သဘာပတိ စစ်ကိုင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်မောင်ဝင်း (နန္ဒာမင်းလွင်)နှင့် တိုင်းဒေသကြီးအသင်းဥက္ကဋ္ဌ ဦးကြည်အောင်တို့က အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးဇော်မြင့်က နှစ်ပတ်လည်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြသည်။
ထို့နောက် အသင်းသားများက ဝေဖန်အကြံပြုဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


