ရန်ကုန် ၇  သြဂုတ် 

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) သတင်းစာဆရာအသင်း၏ ၂၀၁၉ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို သြဂုတ်  ၆ ရက် နံနက်  ၉ နာရီတွင် ဗိုလ်တစ်ထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း  ရွှေဥဒေါင်းခန်းမ၌ ကျင်းပခဲ့သည်။

နှစ်ပတ်လည်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်းက ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း မြို့နယ်များအလိုက် သတင်းစာဆရာအသင်းများ၏ လှုပ်ရှားမှုလုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံးဆုများ ချီးမြှင့်ခဲ့ရာ အင်းစိန်မြို့နယ် သတင်းစာဆရာအသင်း အလုပ်မှုဆောင်အဖွဲ့က လှုပ်ရှားမှုလုပ်ငန်း စွမ်းဆောင်ရည်ဆု အကောင်းဆုံးရရှိခဲ့ပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ဗဟို) မှ ဗဟိုအလုပ်မှုဆောင် ဒေါက်တာဇော်သန်းက အင်းစိန်မြို့နယ် သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာဗိုလ်သံမဏိ-တောင်တွင်းကြီး)၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းခိုင် (ဖိုးတုတ်)နှင့် အတွင်းရေးမှူး ဦးမြင့်ဦး (မြင့်ဦး-အင်းစိန်) တို့အား လှုပ်ရှားမှုအကောင်းဆုံး စွမ်းရည်ဆု ချီးမြှင့်ခဲ့ကြောင်းသိရသည်။ 

ဉာဏ်လင်း