ရန်ကုန် မတ် ၉
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၏ သတင်းမီဒီယာ သင်တန်း အမှတ်စဉ်(၆)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံး သင်တန်းခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ် အမှုဆောင်များ၊ ကောင်စီဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ပြောကြား
အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အမှာစကားပြောကြားပြီး သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ခေါင်းဆောင် ဦးခင်မောင်ကျော်ဒင် က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား စုစုပေါင်း ၃၉ ဦး တက်ရောက်ပြီး သင်တန်းကို မတ် ၉ ရက်မှ ၁၃ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ English for journalism Media Ethic ၊ မီဒီယာနှင့် လျှပ်စစ်ဆိုင်ရာဘာသာရပ်၊ News Translation၊ နိုင်ငံတကာနှင့် မီဒီယာ၊ မီဒီယာသမားများ သိသင့်သိထိုက်သော ဥပဒေများ၊ Media Diplomacy၊ မီဒီယာနှင့် လူ့အခွင့်အရေးစသည့် ဘာသာရပ်များကို ပြင်ပပညာရှင်များ၊ ဌာနဆိုင်ရာမှ ကျွမ်းကျင်သူများနှင့် ကောင်စီဝင် ဆရာများက သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


