မြန်မာနိုင်ငံအကြောင်းကို သိရှိအောင် ထူးခြားတဲ့ တင်ပြမှုတွေ လုပ်ပြသွားဖို့ရှိတယ်ဆိုတဲ့ Mrs နန်းမွန်းဝမ်း

မန္တလေး ၂၈ ဇန်နဝါရီ 

 

မြန်မာနိုင်ငံအကြောင်းကို နိုင်ငံတကာက သိစေရန် ထူးခြားတာတွေ လုပ်ပြသွားဖို့ရှိတယ်ဆိုတဲ့ အိန္ဒိယနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်မည့် Mrs. Asean Queen Global International ဝင်းနားဆုရှင် မနန်းမွန်းဝမ်းက ပြောသည်။

 

အိမ်ထောင်ရှင်အလှမယ်များ ပါဝင်ယှဉ်ပြိုင်သည့် Mrs. Asean Queen Global International ပြိုင်ပွဲကို အခုလ ၁၃ ရက်က မန္တလေးမြို့တွင် ကျင်းပခဲ့ပြီး မနန်းမွန်းဝမ်းက မြန်မာပြည်ကိုယ်စားပြု ယှဉ်ပြိုင်မည့်သူအဖြစ် အရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

 

‘တချို့ Miss တွေက သွားရင် အကနဲ့ပဲသွားကြတာများတယ်။ မြန်မာပြည်မှာလည်း ဒီလိုရှိပါလားဆိုတာသိအောင် အံ့သြသွားအောင် Talent လုပ်ပြဖို့တော့ စဉ်းစားထားတယ်’ဟု မနန်းမွန်းဝမ်းကပြောသည်။

 

အခုလ ၁၃ ရက်က မန္တလေးမြို့တွင် ယှဉ်ပြိုင်ခဲ့သည့် Mrs. Asean Queen Global International  ပွဲတွင် မနန်း မွန်းဝမ်း သည် Boxing ကစားနည်းဖြင့် Talent ပြသခဲ့ကြောင်းသိရသည်။ ဧပြီလ ၁ ရက်မှာ အိန္ဒိယနိုင်ငံ ပူနီမြို့တွင် ကျင်းပမည့် Mrs. Asean Queen Global International 2019 အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်းသိရသည်။

 

အိမို့မို့ခိုင် 

 

mdn