နေပြည်တော် ဩဂုတ် ၂၀

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင် ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်ရှိ တရားရုံးအချုပ်ခန်းနှင့် မြို့မရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

မြို့မရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် အချုပ်သားများနှင့် တွေ့ဆုံ၍ ရီမန်ကာလနေထိုင်စားသောက်မှု အခြေအနေ၊ အမှုစစ်ဆေးစဉ်ကာလအတွင်း ညှင်းပန်းနှိပ်စက်ခံရမှု ရှိ မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင် အမှုရင်ဆိုင်ရန် ရုံးထုတ်ချိန်အတွင်း စားသောက်ရမှု အခြေအနေ၊ အချုပ်ခန်း အတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုရှိ မရှိ၊ အကျိုးဆောင် ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးမေးမြန်းသည်။

 

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက် ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)