ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၄၇ / ၂၀၂၄
၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်
(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ဖြည့်စွက်ခန့်ထားခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ပါပုဂ္ဂိုလ်များကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအဖြစ် ဖြည့်စွက်ခန့်ထားလိုက်သည် -
(၁) ဦးဝင်းလှိုင်ဦး (ခ) ကုန်ဇမှုန်း
ဂေါပကအဖွဲ့ဝင်
စိန်မေရီကက်သလစ်ဘုရားကျောင်း
(၂) ဦးသန်းဝင်း
ဂေါပကအဖွဲ့ဝင်
ပိန္နဲကုန်းဂျာမေဗလီ
(၃) ဦးတင်ကိုကို
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း
အမိန့်အရ
အောင်လင်းဒွေး
ဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး


