ရန်ကုန်  ၁၈  ဇန်နဝါရီ 

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း မျိုးဆက်သစ်လူငယ် အင်ဂျင်နီယာကော်မတီမှ ကြီးမှူး ကျင်းပသော Process & Product Show 2019 ဖွင့်ပွဲ အခမ်းအနားကိုယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းရုံးတွင် ကျင်းပသည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းနာယက ဦးဉာဏ် ထွန်းဦး၊ ဥက္ကဋ္ဌ ဦးအောင်မြင့်၊ Past President ဒေါက်တာ စိန်မြင့်နှင့် ပြပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးလင်းတို့က ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ဒေါ်နီလာကျော်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းမှတာဝန်ရှိသူများသည် ပြပွဲအတွင်း ပြခန်းများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။ 


ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံကို ကြိုဆိုသောအားဖြင့် အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်း အနားကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရုံး Fuction Hall တွင် ကျင်းပရာ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဌ ဦးအောင်မြင့် က အဖွင့်အမှာစကားပြောကြားသည်။ 


ယင်းနောက် လုပ်ငန်းခွင်အသီးသီးတွင် ဝင်ရောက်နေသည် အင်ဂျင်နီယာ ပညာရှင်များ၊ ပြင်ပပညာရှင်များနှင့် မျိုးဆက်သစ် အင်ဂျင်နီယာကျောင်းသား၊ ကျောင်းသူများက အင်ဂျင်နီယာ ဘာသာရပ်နှင့်သက်ဆိုင်သည့်စာတမ်း၊ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် စာတမ်း၊ ရေအရင်းအမြစ်နှင့် သက်ဆိုင် သည့်စာတမ်း၊ စွမ်းအင်နှင့်သက်ဆိုင်သည့် စာတမ်းများကို ဖတ်ကြားကြသည်။ 


မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ကြီးကြပ်ပြီး မျိုးဆက်သစ်လူငယ် အင်ဂျင်နီယာကော်မတီမှ ကြီးမှူးကျင်းပသော Process & Product Show 2019 ပြပွဲကို ဇန်နဝါရီ ၁၈ ရက် ၂၀ ရက်ထိ သုံးရက်တိုင် ကျင်းပသွားမည့်ဖြစ်ကာဒုတိယနေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း နှစ်ပတ်လည် အသင်းသားစုံညီညီလာခံကို ကျင်းပသွားမည်ဖြစ်ပြီး တတိယနေ့တွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)