နေပြည်တော် နိုဝင်ဘာ ၂၂

 

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား အထိမ်းအမှတ် ဒုတိယနေ့ အစီအစဉ်များကို ယနေ့တွင် Naypyitaw State Polytechnic University ဆက်လက် ကျင်းပသည်။

 

မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်တွင် Forum Parallel Session များကို ခေါင်းစဉ် ခုဖြင့် ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်င ံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံဗိသုကာကောင်စီတို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများက Chairနှင့် Co-chair များအဖြစ်  တာဝန်ယူဆောင်ရွက်ကြသည်။

 

နံနက်ပိုင်းတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ် (၁၀၀)ပြည့် ရာပြည့်သဘင်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့်အတူ စုဝေးခန်းမတွင် ကျင်းပသည့် Engineering Battel ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

 

ပြိုင်ပွဲတွင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများပါဝင်သော အသင်း() သင်းတို့က သက်ဆိုင်ရာဘာသာရပ်များကို Performance များဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဉာဏ်စမ်းပဟေဠိ အစီအစဉ်ကို ကြည့်ရှုအားပေးပြီး ဆုရရှိသည့်အသင်းအားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် Talkshow များကို ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားခြင်း၊ နည်းပညာ လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်၊ Satellites Technology Development and Their ApplicationsFrom Reality to Virtual Worlds: AR, VR, XR and The Metaverse in Engineering နှင့် သုတေသနရလဒ်များကို မူပိုင်ခွင့်ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာအလိုက် ပညာရှင် ၄ ဦးက ရှင်းလင်းဆွေးနွေး  ပြောကြားခြင်း၊  ပြည်တွင်း၊ ပြည်ပတို့တွင်ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ဆုရရှိခဲ့သူ ကျောင်းသား၊ ကျောင်းသူ ၄ ဦးတို့က အတွေ့အကြုံများကို မျှဝေပြောကြားခြင်း စသည်ဖြင့် စကားဝိုင်းဆွေးနွေးပွဲပုံစံဖြင့် လည်းကောင်း၊ Hackathon ပြိုင်ပွဲ၊ e-sport ပြိုင်ပွဲများကိုလည်းကောင်း  တပြိုင်တည်း ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)