နေပြည်တော်၊ ၁၂ ဖေဖော်ဝါရီ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ မြန်မာစံတော်ချိန် (၀၃)နာရီ၊ (၁၈)မိနစ်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၇၆) မိုင်ခန့်အကွာ၊ ထီးလင်းမြို့၏ အနောက်တောင်ဘက် (၁၂)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၁ ဒသမ ၅၇) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၃ ဒသမ ၉၅)ဒီဂရီ၊ အနက် (၄၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

mdn

 

အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၂၈) မိနစ်တွင် ကမ္ဘာ‌အေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၇၆) မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင်၊ ဖျာပုံမြို့၏ အရှေ့တောင်ဘက် (၆၇) မိုင်ခန့်အကွာဦ မြောက်လတ္တီတွဒ် (၁၅ ဒသမ ၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၅၈) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

Credit>မိုးဇလ