နေပြည်တော် ၆ စက်တင်ဘာ
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းရာ၌ တရုတ်နိုင်ငံရွှေလီမြို့မှ မြန်မာနိုင်ငံသား ကျောက်မျက်ကုန်သည်များအသင်းမှ ဦးဆောင်၍ လူမျိုး/ဘာသာပေါင်းစုံ မြန်မာနိုင်ငံသားများက လှူဒါန်း ငွေကျပ်သိန်း ၈၀၊ Huawei Technology (Yangon) ကုမ္ပဏီလိမိတက်မှ အမေရိကန် ဒေါ်လာ ၅၀ဝ၀ တန်ဖိုးရှိ ဖိုင်ဘာစက်လှေ ၅ စီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းမိသားစု များက လှူဒါန်းငွေကျပ် ၁၅၈၅၀ဝ၀ နှင့် မလှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မှုဖြင့် မြို့နယ်သားများက လှူဒါန်းငွေကျပ် ၄၂၁၂၀ဝ၀ နှင့် ငွေကျပ် ၂၂၆၉၀ဝ တန်ဖိုးရှိပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းနှင့် ယမန်နေ့တို့က လာရောက်လှူဒါန်းရာ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်း ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံ၍ ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
သတင်းစဉ်


