မန္တလေး ၇ ဧပြီ 

 

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် လူတိုင်းနှာခေါင်းစည်း (Mask) ဝတ်ဆင် ကာကွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ Hilton ဟိုတယ်များ ပူးပေါင်းကာ တက္ကစီယာဉ်လုပ်သားများ နှင့် ဟိုတယ်ကုန်ပစ္စည်းပို့ ဝန်ထမ်းများကို အဝတ်ဖြင့် ပြုလုပ်သော နှာခေါင်းစည်းများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 

မန္တလေးတွင် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းရေးဌာန ဝန်ထမ်း လုပ်သားများကို လည်းကောင်း၊ နေပြည်တော်တွင် ကုတင် ၁၀၀၀ ဆေးရုံသို့ လည်းကောင်း၊ ငပလီကမ်းခြေဒေသရှိ တက္ကစီယာဉ်လုပ်သားများ နှင့် ဟိုတယ် ကုန်ပစ္စည်းပို့ ဝန်ထမ်းများကိုလည်းကောင်း ဝေမျှ လှူဒါန်းခဲ့သည်။ 

 

ယင်း နှာခေါင်းစည်းများသည် အထည်စများဖြင့် ပြုလုပ်ထားသည့်အတွက် ပြန်လည်လျှော်ဖွပ်ပြီး အသုံးပြုနိုင်သည်။ Hilton မန္တလေး ဟိုတယ် ၊ Hilton Ngapali Resort & Spa မှ ဝန်ထမ်းများ နှင့် Hilton နေပြည်တော် မှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများသည် အထည်စများ နှင့် နှာခေါင်းစည်း ချုပ်လုပ်ပုံများကို သင်ယူကာ နှာခေါင်းစည်း ချုပ်လုပ်ခြင်းလုပ်ငန်းကို ဟိုတယ်အသီသီးတွင် စတင်ခဲ့ကြသည်။ Hilton ဟိုတယ်များမှ ပြုလုပ်ရရှိသော နှာခေါင်းစည်း စုစုပေါင်း (၂၃၀၀) ခု ကို ၂၀၂၀ ပြည့်နှစ်၊ မေ ၇ ရက် တွင် မန္တလေး၊ နေပြည်တော် နှင့် ငပလီ တို့တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

 

မေသက်ထား