ပြင်ဦးလွင် ၂၁ အောက်တိုဘာ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော MFF “ C ” COACHING CERTIFICATE COURSE ဘောလုံးနည်းပြ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ( ၈ ) နာရီက ပြင်ဦးလွင်ခရိုင်အားကစားကွင်းအတွင်းရှိ သင်တန်း ခန်းမဆောင်၌ ကျင်းပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ် ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ ၊ သင်တန်းနည်းပြများ ၊ သင်တန်းသားများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမှ အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးထင်ကျော်က ဘောလုံးနည်းပြ သင်တန်းဖွင့်ပွဲနှင့် ပတ်သတ်သည်များကို ရှင်းလင်းပြောကြားခြင်း ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဒေးဗစ်ပါချန်း မှ MFF “ C ” 2019 COACHING CERTIFICATE COURSE ဘောလုံးနည်းပြ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခြင်း ၊ ဘောလုံးနည်းပြ “ C ’’ သင်တန်း သင်ကြားမည့် နည်းပြချုပ် ဦးကြည်နိုင် မှ သင်တန်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။
အဆိုပါ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား ( ၂၅ ) ဦးတို့ဖြင့် သင်တန်းကို အောက်တိုဘာ ၂၁ ရက်မှ ၂၆ စာတွေ့လက်တွေ့နည်းပြသင်ခန်းစာအသစ်များ ကို နည်းပြဆရာမှ အသေးစိတ် ရှင်းလင်းသင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )


