မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်းဒေရှင်းသို့ အလှူငွေနှင့် စာအုပ်များလှူဒါန်း

ရန်ကုန် မတ် ၂၁

သာသနာရေးဝန်ကြီးဌာန ဝန်ကြီး(ငြိမ်း) ဗိုလ်မှူးချုပ်(ငြိမ်း) သူရဦးမြင့်မောင်သည် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေရှင်းသို့ အလှူငွေ(၁၀)သိန်းနှင့် သုတရသစာအုပ်(၆၃၀)ကို ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းရာ ဥက္ကဋ္ဌ ဦးညွှန့်ဆွေက လက်ခံခဲ့သည်။

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေရှင်းသည် နိုင်ငံတစ်ဝန်းတွင် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ဆောက်လုပ်ရန် ထောက်ပံ့ခြင်း၊ ပြည်သူများစာပေဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန် သုတရသစာအုပ်များကို ဖောင်းဒေရှင်း၏ ရန်ပုံငွေဖြင့် နှစ်စဉ်ဝယ်ယူ၍ ထောက်ပံ့ခြင်း၊ အလှူရှင်များက လှူဒါန်းသော စာအုပ်များကိုလက်ခံ၍ ပေးပို့ခြင်းများကို ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပြီး အလှူငွေနှင့်စာအုပ်များ လှူဒါန်းလိုပါက အတွင်းရေးမှူးဖုန်း (၀၉ ၅၁၄၂၅၆၄)၊ ရုံးအဖွဲ့မှူး ဖုန်း(၀၉ ၄၂၀၇၀၀၃၂၆) တို့ကိုဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်