ရန်ကုန် ဖေဖော်ဝါရီ  ၁၈

မြန်မာနိုင်ငံစာရင်းကောင်စီ အစည်းအဝေး (၁/၂၀၂၃) ကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံစာရင်းကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
 
အစည်းအဝေးတွင် မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ စာရင်းနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်ပါ ကြောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီသည်  နိုင်ငံ၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုသည့် Regulatory Body တစ်ရပ် အဖြစ်ရပ်တည်လျက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ကဏ္ဍနှစ်ရပ်လုံး၏ စာရင်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း။

ထိုသို့ ဆောင်ရွက်ရာတွင် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စာရင်းပညာရှင်နှင့် စာရင်းကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် မွေးထုတ်ရေး၊ ပြည်ပစာရင်းပညာရှင်များနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်ရေး၊ စာရင်းဆောင်ရွက်မှု နယ် ပယ်တွင် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိမိတို့၏အခန်းကဏ္ဍမှ ပူးပေါင်း ပါဝင်မှုဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊  စာရင်းပညာရှင်များ အနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် သတိသမ္ပဇဉ်ထားရှိဆောင်ရွက်ခြင်း၊ စောင့် ထိန်းရမည့်ကျင့်ဝတ်သိက္ခာများကို တိကျစွာလိုက်နာခြင်းတို့ဖြင့် အတတ်ပညာပိုင်းဆိုင်ရာ နယ်ပယ်တွင် ရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ကောင်စီအဖွဲ့ဝင်များက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဆောင်ရွက်ပြီးစီးမှု၊  ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းတို့နှင့်စပ်လျဉ်း၍ အစီအစဉ်အတိုင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌများ၊ ကောင်စီအဖွဲ့ဝင် (၁၃) ဦး နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကောင်စီအဖွဲ့ဝင် ( ၈ ) ဦးက Virtual စနစ်ဖြင့် Online မှ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲ ၁  နာရီခွဲ တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် မြန်မာနိုင်ငံ စာရင်းကောင်စီ အလုပ်အမှုဆောင်အစည်းအဝေး (၁/၂၀၂၃) သို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်