ရန်ကုန် မတ် ၁၄

မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့ ၂/၂၀၂၃ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံစာရင်းကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
 
အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံ၏စီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် စာရင်းပညာနှင့် စာရင်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး သည် အရေးပါသည့်ကဏ္ဍမှ ပါဝင်ပါကြောင်း၊ စာရင်းပညာရပ်များ အစဉ်တစိုက် ခေတ်မီတိုးတက်စေရေး၊ စာရင်းပညာရှင်များတိုးပွားစေရေး၊ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းလိုက်နာမှုမြင့်မားစေရေး၊ စာရင်းစံများနှင့်အညီ လိုက်နာကျင့်သုံးနိုင်စေ ရေးတို့သည် လွန်စွာအရေးကြီးပါကြောင်း၊ သို့ပါ၍ Regulatory Body တစ်ရပ်အနေဖြင့် ရပ်တည်ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ရပ်လုံးတွင် စာရင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ တာဝန်ပေးမှုများကိုလည်း အချိန်နှင့်တစ် ပြေးညီ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထိုတာဝန် များကို ဆောင်ရွက်ရာတွင် ကိုယ်ကျင့်သိက္ခာနှင့် အလေ့အကျင့်ကောင်းများ ပြည့်မြောက်အောင်မြင်စေရေး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အလုပ်အမှုဆောင်အဖွဲ့ဝင်များက ယခင်အစည်းအဝေးဆုံးဖြတ် ချက်များအရ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်း များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို အစီအစဉ်အတိုင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကားပြောကြား ၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အစည်းအဝေးသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း နာယကများ၊ မြန်မာနိုင်ငံစာရင်း ကောင်စီအလုပ်အမှုဆောင်အဖွဲ့ဝင် ( ၂ ) ဦးတို့က Online ဖြင့် တက်ရောက်ကြပြီး မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ယနေ့တွင် မြန်မာနိုင်ငံ စာရင်း ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး ကော်မတီဝင်များ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုများအပေါ် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်