နေပြည်တော် နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ဒီပလိုမာ စာရင်းကိုင် (Diploma In Accounting- DA) (ပထမပိုင်း) သင်တန်းအမှတ်စဉ်- ၄၁ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်စစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။ 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင်  ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်း ကောင်စီ ဥက္ကဌ၊ ပါမောက္ခ ဒေါက်တာကံဇော်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စီးပွားရေးဘာသာရပ်နှင့် ဥပဒေ ဘာသာရပ်ဆိုင်ရာသင်တန်း/ ဒီပလိုမာသင်တန်းများဖွင့်လှစ်ခြင်းဖြင့် စာရင်းကိုင်/ စာရင်းရေးပညာ ရပ်များကို လူအများသိရှိနားလည်အသုံးချနိုင်ပြီး နိုင်ငံ၏စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်တည်ဆောက်နိုင်သူများ၊ စနစ်တကျလိုက်နာကျင့်သုံးသူများဖြစ်လာစေရေးကို အထောက် အကူဖြစ်စေရန်နှင့် စာရင်းကျွမ်းကျင်သူများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန်အတွက် စာရင်း ကိုင်သင်တန်းများကို ပြန်လည်ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း။

 ဒီပလိုမာစာရင်းကိုင်သင်တန်းများကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံစာရင်းကောင်စီတွင် ၁၉၇၃ ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်ထိ စာရင်းကျွမ်းကျင်သူ (၄၆၀၇) ဦးကို မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် ၂၀၀၉-၂၀၁၀ နှစ်မှစ၍ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုသင်တန်းသည်  ၁၂ ကြိမ်မြောက် ဖြစ်ပါကြောင်း၊ DA သင်တန်းကို လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant-CPA)သင်တန်း၏ ဝင်ပေါက်တစ်ခုအဖြစ် စာရင်းကျွမ်းကျင်သူများကို စာရင်းပညာရှင်များဖြစ်ခွင့်ရစေရန် ဆောင်ရွက်ပေးထားပါကြောင်း။ 

ယနေ့အချိန်အခါမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်နှင့် နိုင်ငံသား အား လုံး၏ အနာဂတ်အတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်ပြီး နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းတည်ဆောက်နေသည့်ကာလ ဖြစ် ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ စာရင်းပညာရှင်နှင့် စာရင်းကျွမ်း ကျင်သူများ၏ အခန်းကဏ္ဍသည်လည်း လွန်စွာအရေးပါကြောင်း၊ နိုင်ငံတကာစာရင်းကိုင်စံများနှင့် အညီ စာရင်းများကို စနစ်တကျရေးသွင်းမှတ်တမ်းတင်ထိန်းသိမ်းရေး၊ ကျင့်ဝတ် သိက္ခာစောင့် ထိန်းရေးနှင့် ကောင်းမွန်သည့် အုပ်ချုပ်မှု (Good Governance)၊ သန့်ရှင်းသောအစိုးရ (Clean Government) ဖြစ်ထွန်းစေရေးတို့အတွက် အထောက်အကူပြုရန် စာရင်းပညာရှင်နှင့် စာရင်း ပညာတတ်ကျွမ်းသူများ၏ အရည်အချင်းနှင့်အရေအတွက် တိုးတက်လာရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာ၏စီးပွားရေးပညာနှင့်စာရင်းကိုင်ပညာရပ်များ ဖြစ်ပေါ်တိုးတက်နေမှုကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာသင်ယူ၍ အသုံးချနိုင်ရန် လိုအပ်ပါကြောင်း။ 

ယခုအချိန်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အာဆီယံ(၁၀)နိုင်ငံစာရင်းစစ်ချုပ်ရုံး များ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် (၂) နှစ် တာဝန်ထမ်းဆောင်နေသည့် ကာလဖြစ်ပြီး အာဆီယံ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၅)နှင့်အညီ အာဆီယံဒေသတွင်း စာရင်းပညာဆိုင်ရာဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထို့အပြင် အာဆီယံ စီးပွားရေးအသိုက်အဝန်းတွင် အာဆီယံလက်မှတ်ရစာရင်းပညာရှင်ဖြစ်စေရန်အတွက် ၂၀၁၄ ခုနှစ် က စပြီး Multilateral Recognition Agreement(MRA) လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် ယနေ့တွင် မြန်မာစာရင်းပညာရှင် (၄၀၀)ကျော်အား အာဆီယံလက်မှတ်ရ စာရင်းပညာရှင်များ အဖြစ် မွေးထုတ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊  မြန်မာစာရင်းပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း ကျွမ်း ကျင်မှု အရည်အသွေးအရ အာဆီယံသာမက နိုင်ငံတကာအထိ အခွင့်အလမ်းများ ဖြစ်ပေါ်လာ မည် ဖြစ်ပါကြောင်း။ ထို့ကြောင့် သင်တန်းသားများအနေဖြင့်မိမိ၏ အရည်အချင်းအတွက်သာမက မိမိဌာန/ အဖွဲ့အစည်းနှင့် နိုင်ငံအတွက် အကျိုးပြုနိုင်သည့် စာရင်းကျွမ်းကျင်သူများ၊ စာရင်းပညာရှင်များ ဖြစ်လာစေရန် တိုက်တွန်းအားပေးလိုပါကြောင်း မှာကြားသည်။

ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း)သင်တန်းတွင် ဝန်ကြီးဌာန/အဖွဲ့အစည်း(၁၃)ခု၏ ဉီးစီး ဌာန/လုပ်ငန်း(၁၇)ခုတို့မှ သင်တန်းသား(၄၄)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းချိန်ကို ရုံးဖွင့် ရက်များတွင် နံနက် ၇ နာရီမှ ၉ နာရီအထိ ရုံးချိန်ပြင်ပလုပ်ငန်းခွင်မပျက်တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၂၂ မှ ၂၀၂၂ခုနစ် ဩဂုတ် ၆ အထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်