မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ 
သဘောထားထုတ်ပြန်ချက်


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ၂၀၂၂ ခုနှစ်၊  ဧပြီလ (၂၂) ရက်တွင်  ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်မိန့်ခွန်း၌ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး (၇၅)နှစ်တာကာလအတွင်း လွတ်လပ်ရေး ၏ အနှစ်သာရများကို တိုင်းရင်းသားများ အပြည့်အဝ မခံစားရသေးသောကြောင့် ၂၀၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင်  လက်နက်ကိုင်ပဋိပက္ခများ  ချုပ်ငြိမ်းပြီး  ငြိမ်းချမ်းရေးနှစ်အဖြစ်   တွေ့ဆုံညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်သဖြင့်    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ   ခေါင်းဆောင်များ ကိုယ်တိုင်နှင့် အဖွဲ့ဝင် (၂) ဦးစီ တက်ရောက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏  တိုက်တွန်းပြောကြားချက်သည် တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တလျက်ရှိသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့၏အရသာကို ရရှိခံစားနိုင်ရေးအတွက် ကမ်းလှမ်းနှိုးဆော်ချက်ဖြစ်ပါသဖြင့်   မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က  လှိုက်လှဲစွာ   ကြိုဆို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။


မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့