နေပြည်တော်၊ အောက်တိုဘာ ၂၄ 

နတ်တလင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက နတ်တလင်းမြို့ တာပွန်တောင်ပိုင်း (၂) ရပ်ကွက်နေ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယအဆင့်) ဖြစ်သူ တပ်သား ဉာဏ်အေး (အငြိမ်းစား) အား အသက် ၁၀၁ နှစ် ဂါရဝပြုထောက်ပံ့ငွေများကို အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက သွားရောက်ပေးအပ်ကြသည်။

ရှေးဦးစွာ မြို့နယ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တပ်သား ဉာဏ်အေး(အငြိမ်းစား)အား ဂါရဝပြုနှုတ်ဆက်စကားပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ ထောက်ပံ့ငွေ ကျပ် ၅၀,၀၀၀ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့‌ငွေ ကျပ် ၅၀,၀၀၀ နှင့် နတ်တလင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၅၀,၀၀၀ ကို ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဂါရဝပြု ထောက်ပံ့ပေးအပ်ကြသည်။

အလားတူ ပေါင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ကဒုံစီးရပ်ကွက်နေ တပ်သား ချစ်လှ (အငြိမ်းစား) အသက် ၁၀၂ နှစ်အား ဂါရဝပြု ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်