ရန်ကုန် ဒီဇင်ဘာ ၁၁
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်း၏ အကြိမ်(၃၀)မြောက် နှစ်ပတ်လည် ပုလဲရတု၏ အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် မင်္ဂလာခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်းများအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် အသင်းဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
စုံညီအစည်းအဝေးတွင် သဘာပတိ အသင်းဥက္ကဋ္ဌ ဦးဆန်းလင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန် တို့က အမှာ စကားပြောကြားပြီး ၂၀၂၁-ခုနှစ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ နှစ်ချုပ်အစီရင်ခံစာကို မြန်မာနိုင်ငံဆီ ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးပိုင်ဖြိုးသန့်က ဖတ်ကြား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ၂၀၂၁-ခုနှစ်၊ နှစ်ချုပ်စာရင်း အစီရင်ခံစာကို ငွေအဥ္စလီ Audit Farm ပြင်ပ စာရင်း စစ် ဒေါ်သီတာဝင်းက ဖတ်ကြားအတည်ပြုပြီး အကြိမ်(၃၀)မြောက်အသင်းသားစုံညီ အစည်း အဝေး၏ သဘာပတိ ဦးဆန်းလင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်) ဓာတ်ပုံ - ဇော်မင်းလတ်