နေပြည်တော် ၁၃  ဇူလိုင် 
    

ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးမောင်မောင်ဝင်းသည် ထိုင်းနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECT) Secretary General Ms. RuenvadeeSuwanmongkol နှင့်အဖွဲ့အား ယမန်နေ့က မြန်မာနိုင်ငံ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် SECM နှင့် ကတိကဝတ်ပြုထားသည့် မြန်မာနိုင်ငံ၏ ငွေချေးသက်သေခံ လက်မှတ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်ဈေးကွက်၌ ပါဝင်ပတ်သက်သူများ၊ ကော်မရှင်ရုံးဝန်ထမ်းများအတွက် စွမ်းဆောင်ရည်တည်ဆောက်ရေးအစီအစဉ်များ၊ အရင်းအနှီးဈေးကွက်၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည် Provident Fund ၊ Collective Investment Schemes (CIS)၊ Cross-border listing၊ ငွေချေးစာချုပ်ဈေးကွက်နှင့် Depositary Receipts ဧရိယာတို့တွင် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခဲ့သည့် ထိုင်းနိုင်ငံ၏ အတွေ့အကြုံများနှင့် ထိုင်းနိုင်ငံ၏ လက်ရှိ အခြေအနေများကို ဆွေးနွေးကြသည်။ 


သတင်းစဉ်