ရန်ကုန်  ၁၈ စက်တင်ဘာ


ဆွေးနွေးဝိုင်းများ၊ ရုပ်ပြဆိုင်ရာ ဆက်စပ်လုပ်ငန်းများ၊ ဂိမ်း၊ Animation လုပ်ငန်း များစွာတို့ ပါဝင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးရုပ်ပြပွဲတော်ကြီးကို စက်တင်ဘာ ၂၀ရက် မှ ၂၂ ရက်အထိ Yangon Book Plaza ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


ရုပ်ပြပွဲတော်ကိုMyanmar Comic Network က စီစဉ်ကျင်းပခြင်းဖြစ်ပြီး ပွဲတော်တွင် ကိုရီးယားနိုင်ငံ၏အကြီးဆုံး ရုပ်ပြလုပ်ငန်းဖြစ်သည့် Mr.Blue (Myanmar ) ၊ Huion Myanmar ၊ Joosk Studio ၊ Pencell Studio ၊ Studio Puppeteer ၊ Sticker 4 U ၊ Tea animation Studio ၊ White Marak Comics Studio ၊ Amalon ၊ ဒုဘဒ္ဒတို့ ပါဝင်ကြကြောင်း၊ ပွဲတော်အတွက် မီဒီယာများအနေဖြင့် လာရောက်သတင်းရယူနိုင်ကြောင်း သိရသည်။ 


သတင်းစဉ်