မန္တလေးအောက်တိုဘာ၂၂
Mandalay Free Rider မှဦးစီး၍ လူငယ်များ ယာဉ်န္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရေးနှင့် ကွင်းတွင်း လမ်းကြမ်းဆိုင်ကယ်စီး ပြိုင်ပွဲကို အောက်တိုဘာ၂၆ရက် နံနက်၉နာရီတွင် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အပန်းဖြေစခန်းအနီးရှိ 11Mile MX Bike Park နေရာ၌ ကျင်းပမည် ဖြစ်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေးမြို့ ၇၈ လမ်း ခင်စောမူကွေ့ရှိ ရွှေပြည်သာ စားသောက်ခန်းမတွင် ကျင်းပသည့် စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။
ပြိုင်ပွဲတွင် MMX-A(Senior) 231ccနှင့်231ccအထက်(Pro)-အတန်းl MMX-A(Junior) 231cc နှင့် 231cc အထက် (Pro) အတန်း ပြိုင်ပွဲဝင်များက ကွင်း၁၀ပတ် lMMX-B(Senior) နှင့် (Junior)125cc မှ 230cc အထိ(Master)အတန်းပြိုင်ပွဲဝင်များကကွင်း၇ပတ်နှင့်MMX-C110cc မှ 125cc (Beginner) အတန်းပြိုင်ပွဲဝင်များက ကွင်း ၅ ပတ် စီးနင်း၍ ပြိုင်ပွဲဝင်ကြရမည် ဖြစ်သည်။
ပြိုင်ပွဲဝင် လိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံတစ်ပုံ၊ အသက်အာမခံနှင့် ပြိုင်ပွဲဝင်ကြေး နှစ်သောင်းကျပ်တို့နှင့်အတူ အောက်တိုဘာ ၂၅ရက်နေ့ နောက်ဆုံးထား၍ ၃၂x၃၃ လမ်းကြား ၇၇ လမ်း 501 Fashion Shop၊ ၇ မိုင် Mini Beach နှင့် 11Mile MX Bike Park တို့သို့ စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်တို့ကို အားကစား အင်္ကျီဦးထုပ်နှင့် နံပါတ်ပြား ၅ခုတို့ အပြင်နေ့ လယ်စာရေသန့်l အချိုရည်ဘူးတို့ကို ပေးဝေမည်ဖြစြ့်ပီး ကျင်းပရေး MFR မှ တာဝန်ရှိသူကလည်း ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်း၍ ဆုများထိုက်တန်စွာ ချီးမြင့်ပေးမည့် အစီအစဉ်များကို ပြောကြားသည်။
ပြိုင်ပွဲဝင် အားကစားသမားများ မိမိကိုယ်ပိုင် ဆိုင်ကယ်၏ ကြံ့ခိုင်မှု့ ဆီရေလေအား စီစစ်တာဝန်ယူကာ ဆိုင်ကယ်ကို Off Road တာယာများဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်နှင့်မီဒီယာများ၏ သိလိုသည်များကို ကိုအောင်ပိုင်စိုးက ရှင်းလင်းပြောပြသည်။
အဆိုပါ အတန်း၅တန်းမှ ပြိုင်ပွဲဝင် ကစားသမားများအတွက် FNI အာမခံ တစ်ယူနစ် ပါဝင်ကြောင်းနှင့် ပြိုင်ပွဲကို နံနက် ၉ နာရီမှ ညနေ ၃ နာရီ အထိ ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို အောက်တိုဘာ ၂၇ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)


