နေပြည်တော် ဇွန် ၂၆
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ “မြန်မာနိုင်ငံဂီတနေ့” အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို ဇွန် ၂၇ ရက် (သောကြာနေ့) ည ၉ နာရီခန့်၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲကို Northern Star’s Band မှ စုဖွဲ့စီစဉ်ထားသည့် တီးခတ်မှုနှင့်အတူ နာမည်ကျော်တေးသံရှင်များ ဖြစ်ကြသည့် ဂျက်မြသောင်း၊ ရဲထိုက်၊ သဟာအောင်၊ မင်းစည်သူ၊ JB ၊ နွဲ့ယဉ်ဝင်း၊ L ဆိုင်းဇီ ၊ မေလသံစဉ်၊ နိုနို၊ မိုးသူနှင့် နှင်းနှင်းအောင်တို့က တေးသီချင်းကောင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဂီတနေ့အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်၍ တစ်ချိန်တည်း ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဇွန် ၂၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်