မန္တလေး ၁၅ မတ်
မန္တလေးမြို့၊ တောင်သမာန်အင်းအတွင်းရှိ ဦးပိန်တံတား၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေး) သည် COVID-19 ( 2019 Novel Coronavirus ) အသိပညာပေးလှုပ်ရှားမှုများကို ယနေ့ ညနေပိုင်းတွင် လုပ်ဆောင်ခဲ့ကြသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေး)သည် ကြက်ခြေနီအဖွဲ့၊ ပြည်သူကျန်းမာရေး ဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ပြည်ပခရီးသွားများ စီးနင်းသော ကားများပေါ်တွင် လက်သန့်ဆေးရည်များ ထားရှိရန် နိုင်ငံခြားသား ခရီးသွားပို့ဆောင်ရေးအသင်းသို့ လက်သန့်ဆေးရည်ဘူးများ ပေးအပ်ခဲ့သည်။
ထို့အပြင် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်သန့်ဆေးရည် အသုံးပြုမှုများကို ရှင်းလင်းခြင်းများပြုလုပ်ခဲ့သည်။
ဖြိုးအိ