မိုးညှင်း ၂၀ အောက်တိုဘာ

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြီးကြပ်မှုကော်မတီ ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာအရ အသက်(၁၈)နှစ် ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရာသက်ပန်ကြက်ခြေနီ အသင်းဝင်များက ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မိုးညှင်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မြတ်သရဖူခန်းမတွင်လည်း ဆန္ဒမဲပေးပွဲကျင်းပခဲ့သည်။

 

1

 

မိုးညှင်းမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်နှင့် ရာသက်ပန် ကြက်ခြေနီ တပ်ဖွဲ့ဝင် စုစုပေါင်း ၂၈၃ ဦးရှိရာ  ယနေ့တွင်  ဆန္ဒမဲပေးသူပေါင်း ၁၁၅ ဦးက လာရောက် မဲပေးခဲ့ကြသည်။ ဆန္ဒမဲပေးသူအနေဖြင့် ဝင်ရောက်အရွေးချယ်ခံကြသည့် ပြည်နယ်ရပ်ရွာ လူထုကိုယ်စားလှယ် (၆)ဦး၊ ခရိုင်ရပ်ရွာ လူထုကိုယ်စားလှယ် (၇)ဦး၊ မြို့နယ်ရပ်ရွာ လူထုကိုယ်စားလှယ် (၇)ဦးထဲမှ မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ် (၅)ဦးစီအား လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးရွေးချယ်ရခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြီးကြပ်မှုကော်မတီ ရပ်ရွာလူထုကိုယ်စားလှယ် ရွေးချယ်တင်မြောက်ပွဲ ဆန္ဒမဲပေးခြင်းကို ယခုနှစ်မှ စတင်ကျင်းပခြင်းဖြစ်ပြီး အရွေးချယ်ခံ ကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်ချိန် သက်တမ်းမှာ (၃)နှစ်ဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)