ချောင်းဆုံ ၆ သြဂုတ်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သြဂုတ်လ ၅ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ ပျက်စီးသွားသည့် လူနေအိမ်များ၏ အိမ်ထောင်စုဝင်များအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ယနေ၌ နံနက်ပိုင်းက ချောင်းဆုံမြို့ကျွန်းသာယာခန်းမတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ကျင်းပခဲ့သည်။
အဆိုပါပေးအပ်ပွဲတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင်က အမှာစကား ပြောကြားပြီး မြို့နယ် ကြက်ခြေနီအသင်းခွဲ ဉက္ကဋ္ဌ ကိုယ်စား ဦးခင်မောင်ဦးနှင့် တပ်ဖွဲ့မှူး ဦးစိုးရင်တို့က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ ပစ္စည်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက အိမ်ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုဝင် ၅၀ အတွက် အိမ်သုံးပစ္စည်းနှင့် လူအသုံးအဆောင်ပစ္စည်းများကို ထိခိုက်ပျက်စီးမှုများသည့် အိမ်ထောင်စုဝင် (၁၅)စုအား တစ်စုလျှင် ကာလတန်ဖိုးငွေကျပ် ၁၅၀ဝ၀ဝ နှုန်းဖြင့်လည်းကောင်း၊ ကျန်အိမ်ထောင်စုဝင်(၃၅)စုအတွက် အိမ်ဆောက်ပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်း တစ်အိမ်ထောင်စုလျှင် တန်ဖိုး (၇၀ဝ၀ဝ) ကျပ်တို့အား လည်းကောင်း အသီးသီး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


