ဟင်္သာတ ၃၁  မေ

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မြို့ပြဘေး အန္တရာယ်ကြံ့ကြံ့ခံနိုင်မှု အစီအစဉ်က ကိုဗစ်-၁၉ ရောဂါ ကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် ဟင်္သာတမြို့နယ်ရှိ စီမံ ချက်ဝင်ရပ်ကွက်၊ ကျေးရွာ များနှင့် ပရဟိတအဖွဲ့များအတွက် နှာခေါင်းစည်း၊ ဆပ်ပြာတောင့်နှင့် ပိုးသတ်ဆေးရည်များ‌ ပေးအပ်လှူဒါန်း ပွဲကို ယနေ့နံနက် ပိုင်းက ဟင်္သာတမြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ပေးအပ်လှူဒါန်းရာတွင် ဟင်္သာတခရိုင်နှင့် မြို့နယ် ကြက်ခြေနီ အသင်းအဆင့်ဆင့်တွင် ပါဝင်သော မိတ်ဖက် ပရဟိတအဖွဲ့များ ဖြစ်သည့် ကရုဏာ လုလင်၊ နှလုံးလှ၊ မြင့်မြတ်နှလုံးသား နှင့် ပြည်တော်အေး လူမှုကူညီရေး ပရဟိတအဖွဲ့ (၄)ဖွဲ့အတွက် တစ်ဖွဲ့လျှင်   ကာဘော်လိပ်ဆပ်ပြာ အတောင့် ၅၀ ပါ (၁)ပုံး ၊ နှာခေါင်းစည် ၅၀ ပါ (၁)ဘူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ အတွက် ကာဘော်လိပ် ဆပ်ပြာ အတောင့် ၅၀ ပါ (၁)ပုံး၊ နှာခေါင်းစည်း ၅၀ ပါ (၂)ဘူး၊ စီမံချက်ဝင် မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက် အတွက် နှာခေါင်းစည် ၅၀ ပါ (၂)ဘူး၊ ပိုးသတ် ဆေးရည် (၂)ပုံး၊ ကာဘောလိပ်ဆပ်ပြာတောင့်များနှင့် စီမံချက်ဝင် ကျေးရွာ ၆ ရွာ သို့ နှာခေါင်းစည် ၅၀ ပါ (၂)ဘူး၊ ပိုးသတ်ဆေးရည် (၁)ပုံး၊ ကာဘော်လိပ်ဆပ်ပြာ များကို မြန်မာနိုင်ငံကြက်ခြေနီအသင်း မြို့ပြဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်မှု အစီအစဉ်တာဝန်ရှိသူများက အဆိုပါအသင်းအဖွဲ့နှင့် စီမံချက် အဖွဲ့များ လက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့သည်။

 

ကျော်ကျော်(ပြန်/ဆက်)