နေပြည်တော် ၂၄ ဇန်နဝါရီလ
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့ကို ကြိုဆိုသောအားဖြင့် ကင်ဆာရောဂါအကြောင်း သိကောင်းစရာ ဟောပြောပွဲကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲ နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ် သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်သီတာကြူနှင့် ဝန်ထမ်းများ၊ ရေ၊ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဆိုင်ရာ အရေးပေါ်တုန့်ပြန်ရေး သင်တန်းတက်ရောက်လျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၅၀ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နေထက်လင်းက ကင်ဆာရောဂါအကြောင်း သိကောင်းစရာကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ဒေါက်တာ နေထက်လင်းက ပြန်လည်ဖြေကြားခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီးအသင်းမှ သိရသည်။
MDN