နေပြည်တော် ၂၂ ဇန်နဝါရီ 

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၁)ကြိမ်မြောက် ဗဟိုကောင်စီအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ (၂၉) ရက်မှ (၃၀) ရက်ထိ နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ် စုဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကောင်စီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်မည် ဖြစ်သည်။ 

 

မောင်မောင်မျိုး