ရန်ကုန်ဇူလိုင် ၆
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်း အကူအညီလိုအပ်သူများအတွက် လူမှုကရုဏာ အကူအညီ များကို ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နှင့် ဆောမြို့များသို့ ရောက်ရှိနေသည့် နေရပ် စွန့်ခွာပြည်သူ အိမ်ထောင်စု (၅၃၀) အတွက် ဇွန် (၂၈) ရက်မှ ဇူလိုင် (၃) ရက်ထိ အဆိုပါ နေရာများသို့ သွားရောက်ကာကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီး ဇူလိုင် (၅)ရက်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ နေရပ် စွန့်ခွာပြည်သူများ အတွက် ကူညီထောက်ပံ့ခဲ့သည်။
ထိုသို့ ကူညီထောက်ပံ့ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်း ဦးဆောင်သော အဖွဲ့သည် ဒေသတွင်းမငြိမ်မသက်ခြင်းကြောင့် ကျေးရွာပေါင်း(၇၈) ရွာတို့မှ ပေါက်မြို့ အောင်တော်မူရပ်ကွက်၊ အောင်တံခွန်ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်နှင့် ရွှေပေါက်ပင်ရပ် ကွက်တို့တွင်ယာယီနေထိုင်လျက်ရှိသော နေရပ်စွန့်ခွာ အိမ်ထောင်စု (၂၉၇) စု၊ လူဦးရေ (၁,၂၀၉) ဦး တို့အတွက် ကနဦး အရေးပေါ်လိုအပ်ချက်များ ဖြစ်သည့် အစားအစာ (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ) (၂၉၇) စုံ၊ နှာခေါင်းစည်း (၅၀ ပါဗူး) (၅၉၄) ဗူး၊ လက်သန့် ဆေးရည် (၁၀၀ မီလီဗူး) (၈၉၁) ဗူး၊ မိသားစုသုံး တစ်ကိုယ် ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၉၇) ပုံး၊ အမျိုးသမီး တစ်ကိုယ် ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၇၄) အိတ်၊ အမျိုးသားတစ် ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၀၈) အိတ်၊ မိုးကာအင်္ကျီ (၁,၀၀၅) ထည်၊ ကလေးမီးဖွားသန့်စင်သုံးပစ္စည်း (၁၄) ခု၊ မွေးကင်းစကလေးသုံးပစ္စည်း (၇၃) အိတ်၊ မီးဖို ချောင် သုံးပစ္စည်း (၅၇) ပုံး၊ တာပေါ်လင် (၃၅၄) ချပ်၊ လက်သမားသုံး အိမ်ဆောက်ပစ္စည်း (၅၇)အိတ်တို့ကို ပေါက်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဝန်ထမ်းများနှင့် ကြက်ခြေနီ စေတနာလုပ်အား ရှင်များကိုယ်တိုင်အိမ်ထောင်စုတစ်စု ချင်းစီအလိုက်ပေးဝေ ထောက်ပံ့သည်။
ထို့ပြင် ဆောမြို့နယ်၊ အညာကတင်းကျေးရွာနှင့် သီးကုန်းကျေးရွာရှိ ဒေသအစီ အစဉ်ဖြင့် ဆောင်ရွက်ထားသော ယာယီခိုလှုံရာနေရာတွင် နေထိုင်လျက်ရှိ သောနေရပ်စွန့်ခွာ အိမ်ထောင်စု(၁၆၉)စု၊ နှင့်ဆောမြို့ပေါ်တွင် လာရောက်နေထိုင်သူ အိမ် ထောင်စု (၆၄) စု၊ စုစုပေါင်းအိမ်ထောင်စု (၂၃၃) စု လူဦးရေ (၁၁၃၈)ဦး အတွက် ကနဦး အရေးပေါ်လိုအပ်ချက်များဖြစ်သည့် အစားအစာ (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးသေတ္တာ) (၂၀၃) စုံ၊ နှာခေါင်းစည်း (၅၀ ပါဗူး) (၄၀၂) ဗူး၊ လက်သန့်ဆေးရည် (၁၀၀ မီလီဗူး) (၅၇၁) ဗူး၊ မိသားစုသုံး တစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်း (၂၀၃) ပုံး၊ အမျိုးသမီးတစ်ကိုယ် ရည်သန့်ရှင်းရေးသုံးပစ္စည်း (၃၈၇) အိတ်၊ အမျိုးသား တစ်ကိုယ် ရည်သန့်ရှင်းရေး သုံးပစ္စည်း (၃၈၃) အိတ်၊ မိုးကာအင်္ကျီ (၇၉၉) ထည်၊ ကလေးမီးဖွား သန့်စင်သုံးပစ္စည်း (၁၃) ခု၊မွေးကင်းစကလေးသုံးပစ္စည်း(၇၈)အိတ်၊ မီးဖိုချောင်သုံး ပစ္စည်း (၂၀၃) ပုံး၊ တာပေါ်လင် (၄၃၆) ချပ်၊ အိမ်ဆောက် အထောက်အကူပြုပစ္စည်း (၉၂) အိတ်နှင့် ရပ်ရွာလူထုသုံး ရေစစ်အိုး (Community Lifestraw ) (၇) ခု၊ လီတာ ၁၀၀၀ ဆန့် ဖိုင်ဘာရေတိုင်ကီ (၅) လုံးနှင့် အရေးပေါ်ယင်လုံအိမ်သာ (၉) လုံးတို့ကို ဇူလိုင် (၁) ရက်မှ (၃) ရက်ထိ သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့သည်။
အလားတူ ဇူလိုင် (၃) ရက်ကလည်း ကျောက်ထုမြို့၊ ယောမြို့ရှိ နေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာ စခန်းတွင် အသုံးပြုရန် ရပ်ရွာလူထုသုံး ရေစစ်အိုး (Community Lifestraw) (၂)ခု၊ လီတာ (၁၀၀၀) ဆန့် ဖိုင်ဘာရေတိုင်ကီ (၂) လုံးနှင့် ယာယီခိုလှုံ စခန်း တွင် မိသားစုများ အခန်းများ သီးသန့် ကာရန်ခြင်းအတွက် တာပေါ်လင် ချပ် (၃၀) စသည့် ထောက်ပံ့ပစ္စည်းများကို ယာယီခိုလှုံရာစခန်းသို့ သွားရောက် ပေးဝေ ထောက်ပံ့ ခဲ့သည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများကို ဇူလိုင်(၅) ရက်တွင် အိမ်ထောင် စု (၂၀၀)၊ လူဦးရေ(၈၀၈)ဦး အတွက် တစ်အိမ်ထောင်လျှင် တာပေါ်လင် (၁)ချပ်၊ စောင် (၁)ထည်၊ ခြင်ထောင်(၁) လုံး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး သုံးပစ္စည်း(၁)စုံတို့နှင့်အတူ ကျောက်ကြီးမြို့ပေါ်ရှိ ဒေသခံ ပြည် သူများက လှူဒါန်းထားသည့် အဝတ်အစားများကို ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဆက်လက်၍လည်း အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ ရေနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ၊ အခြားလို အပ်သည့်ပစ္စည်းများကို ထောက်ပံ့ကူညီနိုင် ရေးအတွက် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)