မြင်းမူ၊ ၉ ဇန်နဝါရီ
မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ပေးပို့သော ခြေနင်းလက်ဆေးဘေစင်များအားစစ်ကိုင်း ခရိုင်၊ မြင်းမူမြို့နယ်ကြက်ခြေနီတပ်ဖွဲ့က အခြေခံပညာစာသင်ကျောင်းများသို့ ယမန်နေ့က သွားရောက် ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ယခုပေးပို့လှူဒါန်းသည့် ဘေစင်များမှာခြေဖြင့်နင်းကာ လက်ဆေးနိုင်သည့်အတွက် တစ်ဦးနှင့်တစ်ဦး လက်မှတစ်ဆင့်ကူးစက်နိုင်သည့်ရောဂါများကို ကာကွယ်နိုင်ကြောင်း၊ အဓိက
အားဖြင့် ကျောင်းသား/သူများအတွက် အသုံးပြုရန်လွယ်ကူကြောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့
မှုးဦးစိုးမင်းအောင်ထံမှ သိရှိရသည်။
ခြေနင်းလက်ဆေးဘေစင်များကို မြင်းမူမြို့ပေါ်ရှိအမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄)မူလတန်းလွန်ကျောင်းနှင့် အမှတ်(၂)အခြေခံပညာမူလတန်း ကျောင်းများသို့ ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ခြေနင်းလက်ဆေးဘေစင်များမှာ (၂)လုံးတွဲ (၁)စုံပြုလုပ်ထားပြီး ဘေစင်(၁)စုံပစ္စည်းတန်ဖိုးမှာ ငွေကျပ်(၁၆၅၁၀၀)ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


