ရန်ကုန်  ၄  အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခြင်း ကြောင့် ထိခိုက်ခံစားရသော ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သောပစ္စည်းများကို ဘုတ်ပြင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးဝင်းပိုင် ဦးဆောင်သော ကြက်ခြေနီ စေတနာလုပ်အားရှင် ၂၂ ဦးတို့သည် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း အဆိုပါ ရပ်ကွက်/ကျေးရွာ များသို့ သွားရောက်ခဲ့ပြီး လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ထောက်ပံ့ရာတွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးသွားသော နေအိမ် ၁၃၀ မှ အိမ်ထောင်စုများအတွက် မိသားစုသုံး ပစ္စည်းများနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ 

 

ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် အကူအညီလိုအပ်သူများအတွက် အကူအညီပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင်  ကိုဗစ်-၁၉ ရောဂါအပါအဝင် ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း  ဒေသ အသီးသီး၌ ပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

ဝင်းအောင်(MRCS)