မြို့သစ် ၂ ဇွန်
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း RMNCH project မှ မကွေးခရိုင် မြို့သစ်မြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာ စေတနာဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက မြို့သစ်မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မြင့်တို့က အဖွင့်အမှာစကားပြောကြားကာ မြို့နယ်အထေွထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ သင်တန်းသား (၃၀) ဖြင့် သင်ခန်းစာများကို (၃) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်ထွန်း(ပြန်ဆက်)


