စစ်တွေ၊ ဇူလိုင် ၅

ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နော်ဝေနိုင်ငံ ကြက်ခြေနီ အသင်းတို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဆေးသမားကြီး ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အ‌ဆောက်အဦသစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင်(၃)ရက် မွန်းလွဲပိုင်းက အဆိုပါကျေးလက်ကျန်းမာရေးဌာနခွဲ၌ ပြုလုပ်ခဲ့ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့် ရခိုင်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်တို့က ကျေးလက်ကျန်းမာရေးဌာနခွဲ အ‌ဆောက်အဦသစ်ကို ဖွင့်လှစ်ပေးကြပြီး ကျေးဇူးတင်စကားများ ပြောကြားသည်။

ထို့နောက် အသင်းဌာနချုပ် ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာ တင်ထွန်း အောင် က စစ်တွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်သာထံ သို့ ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦကို လွှဲပြောင်းပေးအပ်သည်။

အခမ်းအနားသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ အချိန်ပိုင်း အမှုဆောင် ဒေါက်တာချစ်ကိုတင်၊ ရခိုင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးထွန်းရွှေ၊ အသင်းဌာနချုပ် ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ ရခိုင်ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေး၊ အသင်းဌာနချုပ် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူ ဖြည့်တင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွန်ကြားရေးမှူး ဒေါ်အိအိထွေး၊ အဖွဲ့အစည်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးဌာန ညွန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်၊ ရခိုင်ပြည်နယ် စီမံချက်လုပ်ငန်းများစီမံခန့်ခွဲမှုယူနစ် စစ်တွေရုံးခွဲမန်နေဂျာ ဦးစည်သူတိုးညွန့်၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များနှင့် ကျေးရွာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

စစ်တွေမြို့မှ (၁၃)မိုင်အကွာရှိ ဆေးသမားကြီးကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲအ‌ဆောက်အဦသစ်ကို နော်ဝေနိုင်ငံကြက်ခြေနီအသင်း၏ အထောက်အပံ့ဖြင့် ကျပ်သိန်း ၄၇၀ အကုန်အကျခံကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

(သတင်းစဉ်)