မြိတ်   ၁၄  ဖေဖော်ဝါရီ  

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင် လူမှုဝန်ထမ်းရုံးမှ  မြိတ်မြို့ မူလတန်းကြိုကျောင်းတွင် ဖေဖော်ဝါရီလ(၁၃)ရက် ညနေပိုင်းက ကျင်းပခဲ့ရာ မူလတန်း ကြိုကလေးငယ်များမှ ဂုဏ်ပြုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်နီနီဝင်း က အမှာစကားပြော ကြားပြီး မြိတ်မြို့ပေါ်ရှိမူလတန်းကြိုကျောင်း(၂၂)ကျောင်းမှ ရင်သွေးငယ်လေးများမှ ဗိုလ်ချုပ်အောင်ဆန်း အထ္တုပတ္တိ ပြောကြားခြင်း၊ ကဗျာစုပေါင်းရွတ်ဆိုခြင်း၊  ပြည်ထောင်စုတေးသီချင်းများ၊ ဗိုလ်ချုပ်ဂုဏ်ပြု တေးသီချင်းများဖြင့် တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဂုဏ်ပြုဖျော်ဖြေပွဲအပြီးတွင် မူလတန်းကြိုကလေးငယ်များ၏ မြန်မာနိုင်ငံကလေးများနေ့အထိမ်း အမှတ် ဆေးရောင်းချယ်ပြိုင်ပွဲ မူလတန်းကြို အကြီးအဆင့်နှင့် အငယ်အဆင့်ပြိင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် နှစ်သိမ့်ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသော ရင်သွေးငယ်လေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်များ၏ ဂုဏ်ပြုဖျော်ဖြေပွဲတွင် ဗိုလ်ချုပ် သမိုင်းဝင် ဓာတ်ပုံများနှင့် ဗိုလ်ချုပ် အထုပ္ပုတ္ထိ ပညာပေးနံရံကပ်စာစောင်များနှင့် ဓာတ်ပုံများကို ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးခဲ့ရာ မူကြိုကလေးငယ်များနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 
    

ခိုင်ထူး (မြိတ် ပြန်/ဆက်)