ဘုတလင် ၁၃ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသော မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် မူကြိုကလေးငယ်များ အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်၊ နံနက် ၉ နာရီအချိန်က ဘုတလင်မြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ရတနာပျိုးခင်းမူကြိုမှ ကလေးငယ်လေးများက အာလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ နို့ဆီဘူးဆင့်ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကလေးများ၏ မိဘများက ကြည့်ရှုအားပေးခဲ့ကြသည်။

 

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့် လူမှုရေး အသင်းအဖွဲ့ဝင်များက ပြိုင်ပွဲဝင် ကလေးငယ်များအား T-Shirt အင်္ကျီများကိုလည်းကောင်း၊ ဆုရရှိကြသည့် ကလေးငယ်များအား ဆုလက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)