၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်
၁။ ၂ဝ၂၂ခုနှစ် ၊ အောက်တိုဘာလ ၁၂ ရက် ၊ ဗုဒ္ဓဟူးနေ့၊ နံနက် ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း၊ တောင်တက်ကားဂိတ်၌ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကျိုက်ထီးရိုးဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိ ကြကြောင်း စိတ်မချမ်းမြေ့ဖွယ်သိရှိရပါသည်။
၂။ ထိုအကြမ်းဖက်မှုကြောင့် ထိခိုက် သေဆုံး၊ ဒဏ်ရာရရှိကြသူ များ၏ မိသားစုများနှင့်ထပ်တူ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ဝမ်းနည်းကြေကွဲရပါသည်။
၃။ ဘာသာသာသနာကိုးကွယ်ယုံကြည်မှုဆိုင်ရာကိစ္စများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး