နေပြည်တော် မေ ၅

 

၂၀၂၃ ခုနှစ် မေ၁၈ ရက်မှ  ၂၀ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် မြန်မာနိုင် ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)အကြိုညှိနှိုင်းဆွေးနွေးပွဲအဖြစ် စာတမ်းရှင်၄၂ဦး၊ သဘာပတိ ၉ ဦး၊ ပူးတွဲ သဘာပတိ ၁၈ ဦးတို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ညှိနှိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ ဇော်မြင့် က စာတမ်းပြုစုတင်ပြရာ တွင် ပါဝင်သင့်သည့်အချက်များကို ရှင်းလင်းပြောကြားကာ ပညာရေးတိုးတက်မှုကို အဟန့်အတား ဖြစ်နေသည့် အကြောင်းရင်းများကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာ၍ အဆိုပြုရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်ပေးကြပါရန် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် စာတမ်းတစ်စောင်ချင်းစီကို တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြ ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)