နေပြည်တော် မေ ၂၀

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) တတိယနေ့ Plenary Session ကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂ ရှိ Plenary Hall ညီလာခံခန်းမ၌ ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ပညာရေးဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာန များမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရှင်ကြီးများ၊ ပါမောက္ခများ၊ စာတမ်းရှင်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ဆွေးနွေးအားပေးကြသည်။ 

ယနေ့ကျင်းပသော Plenary Session တွင် ညီလာခံဒုတိယနေ့က ဆွေးနွေးပွဲ ခေါင်းစဉ်ကြီး(၇)ခုဖြင့် စာတမ်းရှင်များနှင့်တက်ရောက်သူများ အကြံပြုဆွေးနွေးညှိနှိုင်း ရရှိခဲ့သည့် ဆွေးနွေးပွဲရလဒ်ရှေ့လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဆွေးနွေးပွဲအုပ်စု သဘာ ပတိနှင့် စာတမ်းရှင်များက တင်ပြကြပြီး  တက်ရောက်လာသူများက စုံညီစွာ စုပေါင်းဆွေး နွေးညှိနှိုင်းကြသည်။

Parallel Session 1 မှ  စစ်ကိုင်းတိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်းနှင့် စာတမ်းရှင်များက “ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်လာစေရေး” ဆွေးဆွေးပွဲခေါင်းစဉ်မှ ဒေသဆိုင်ရာအုပ်ချုပ်ရေး၊ လူမှုရေးအဖွဲ့အစည်းများ နှင့်ပူးပေါင်း စည်းရုံးဆောင်ရွက်ရေး ရှေ့လုပ်ငန်းစဉ်များ၊ ကျန်းမာပျော်ရွှင်သော ပညာသင်ယူမှု ပတ်ဝန်းကျင်ကောင်းဖန်တီးရေး ရှေ့လုပ်ငန်းစဉ်များ၊ သင်ကြားသင်ယူမှုအပေါ် စဉ်ဆက် မပြတ်အကဲဖြတ်စနစ်၏ ထိရောက်မှုကို ဆန်းစစ်ရေးရှေ့လုပ်ငန်းစဉ်များ၊  နှစ်ချို့ကင်းကွာ ကျောင်းသားများပြန်လည်လက်ခံရေးအတွက် နည်းလမ်းရှာ ဖွေရေးရှေ့လုပ်ငန်းစဉ်များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများ ပူးပေါင်းပါဝင်ဆောင် ရွက်ရေးအကြံပြု ရှေ့လုပ်ငန်းစဉ်များနှင့် ကျောင်းသားဆရာ အချိုးမျှတစေရေး ရှေ့လုပ် ငန်းစဉ်များကိုဖတ်ကြားသည်။ 

ထို့နောက် စာတမ်းပါ အကြောင်းအရာများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က ကျောင်းတက်သူဦးရေ ပိုမိုတိုးတက်လာစေရေး အကြံပြုချက်များအပေါ် ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက တက်ကြွစွာ ပါဝင်ဆွေးကြသည်။

အလားတူ Parallel Session 2 မှ  ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာဇော်ဝင်း နှင့် စာတမ်းရှင်များက “KG+9 ပြီးမြောက်ရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ်ဆောင်ရွက်ရေး” ခေါင်းစဉ်မှ  ကျောင်းဝင်နှုန်း မြင့်မားရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်အကြံပြုချက်များ၊ ကျောင်းနေမြဲ ရေးနှင့်တန်းစဉ် ကူးပြောင်းမှု မြင့်မားရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်အကြံပြုချက်များ၊ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူရာတွင် လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းပေး ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်အကြံပြုချက်များ၊ အရည်အသွေးရှိသော ဆရာ၊ ဆရာမများ ဖြည့်ဆည်းလေ့ကျင့်ပေးရေး ဆိုင်ရာရှေ့လုငန်းစဉ် အကြံပြုချက်များ၊ အမှန်တကယ် စာတတ်မြောက်၍ မျိုးချစ်စိတ်နှင့် တိုင်းပြည်ချစ်စိတ်ရှိသည့် နိုင်ငံ့သားကောင်းများ မွေးထုတ်ပေးရေးနှင့် ကောင်းမွန်သောအသိပညာ၊ ကောင်းမွန် သော အလေ့အကျင့်များကို မူ၊လယ်၊ထက် သင်ရိုးညွှန်းတမ်းတွင် ချိတ်ဆက်ထည့် သွင်းအသိပညာပေးရေး ဆိုင်ရာ ရှေ့လုပ်ငန်းစဉ် အကြံပြုချက်များ၊ နယ်စပ်ဒေသများပါ မကျန် ကျောင်းနေအရွယ် ကလေးတိုင်း KG+9 ပြီးမြောက်ရေးဆိုင်ရာ ရှေ့လုပ်ငန်း စဉ်အကြံပြုချက်များကို  တင်ပြဆွေးနွေးရာ တက်ရောက်လာသူများက တက်ကြွစွာ ပါဝင်ဆွေးကြသည်။

Parallel Session 3 မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာ ပြည့်ကျော်သူ က “KG+9 ပြီးမြောက်အောင်မြင်သူ လူငယ်လူရွယ်များကို စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးနှင့် အသက် မွေးဝမ်းကျောင်း ပညာရပ်များရရှိရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်း များ ဖော်ထုတ်ရေး” ဆွေးနွေးပွဲခေါင်းစဉ်မှ “နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး သင်ယူနိုင်မှုအခွင့်အလမ်းကို ပြည်သူလူထု ပိုမိုသိရှိနားလည် လာစေရန်တိုးမြှင့်ဆောင် ရွက်ရေး”ဆိုင်ရာအကြံပြုချက်ရှေ့လုပ် ငန်းစဉ်များ၊ “KG+9 အလွန်ပညာရေးတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကို သင်ယူနိုင်သောသင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး” ဆိုင်ရာရှေ့လုပ်ငန်းစဉ်အကြံပြုချက်များ၊ “KG+9 အလွန်ပညာရေး အတွက် လိုအပ်သော ဆရာ၊ဆရာမများခန့်ထားရေးနှင့်စွမ်းဆောင်မှုမြှင့်တင်နိုင်ရေး” ဆိုင်ရာ ရှေ့လုပ်ငန်းစဉ် အကြံပြုချက်များ၊ “KG+9 အလွန်ပညာရေးအတွက် နည်းပညာ ကဏ္ဍသင်ရိုးညွှန်းတမ်း၊ စစ်ဆေးအကဲဖြတ်မှု၊ အရည်အသွေး အာမခံမှုနှင့် စီမံခန့်ခွဲမှု ပိုမိုအားကောင်းအောင် ဆောင်ရွက်ရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်းစဉ်များ၊ “KG+9 အလွန်ပညာရေးအတွက် စိုက်ပျိုး-မွေးမြူရေးကဏ္ဍ သင်ရိုးညွှန်းတမ်း၊ စစ်ဆေးအကဲ ဖြတ်မှု၊ အရည်အသွေးအာမခံမှုနှင့်စီမံခန့်ခွဲမှု ပိုမိုအား ကောင်းအောင် ဆောင်ရွက်ရေး” ဆိုင်ရာအကြံ ပြုချက် ရှေ့လုပ်ငန်းစဉ်များ၊ “စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက် တန်းကျောင်းများနှင့် သက်မွေးပညာသင်တန်း ကျောင်းများမှ ပြီးမြောက်သူများအား ဘဝတစ်သက်တာ ပညာသင်ကြားခွင့် ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြုရေးနှင့် ဆက်လက်ပညာသင်ယူ နိုင်မည့် အခွင့်အလမ်းများဖော်ဆောင်ရေး” ဆိုင်ရာအကြံပြု ချက်ရှေ့လုပ်ငန်းစဉ်တို့ကို အနှစ်ချုပ်ဖတ်ကြား တင်ပြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။ 

အလားတူ Parallel Session 4 မှ နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်း က “လုပ်ငန်းခွင် လက်တွေ့အသုံးကျမည့် နည်းပညာနှင့်သက်မွေးပညာရပ်များကို ထိရောက်စွာသင်ကြား၍ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ရေး” ဆွေးနွေးပွဲခေါင်းစဉ်မှ “လုပ်ငန်းခွင် လက်တွေ့အသုံးကျမည့် စက်မှုဆိုင်ရာ သက်မွေးပညာသင်တန်းများအတွက် သင်ယူနိုင်သော အခွင့်အလမ်းများတိုးချဲ့‌ ဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး” ဆိုင်ရာအကြံပြု ချက်ရှေ့လုပ်ငန်းစဉ်များ၊ “လုပ်ငန်းခွင် လက်တွေ့အသုံး ကျမည့် စိုက်ပျိုးရေးနှင့်မွေး မြူရေးဆိုင်ရာ သက်မွေးပညာသင်တန်းများအတွက် သင်ယူနိုင်သော အခွင့်အလမ်းများ တိုးချဲ့‌ဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေး” ဆိုင်ရာအကြံပြု ချက်ရှေ့လုပ်ငန်းစဉ်များ၊ “အစိုးရ၊ ပုဂ္ဂလိက၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေမည့် အစီအစဉ်များ ဖော်ထုတ်ရေး” ဆိုင်ရာ အကြံပြုချက်ရှေ့လုပ်ငန်းစဉ်များ၊ “ခေတ်နှင့် လျော်ညီသောနည်းပညာနှင့် သက်မွေးပညာဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ပိုမိုကောင်း မွန်အောင်ဆောင်ရွက်ရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်းစဉ်များ၊ “လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် သက်မွေးပညာရေး မြှင့်တင်ရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်းစဉ်များနှင့် “ရေရှည်တည်တံ့ခိုင်မြဲသော သက်မွေးပညာရေး စနစ်ဖြစ်မြောက်‌အောင် ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများဖော် ဆောင်ရေး” ဆိုင်ရာ အကြံပြုချက် ရှေ့လုပ်ငန်းစဉ်တို့ကို အနှစ်ချုပ်ဖတ်ကြားတင်ပြရာ တက်ရောက်လာ သူများက ပါဝင်ဆွေး‌နွေးကြသည်။

Parallel Session 5 မှ မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ် ‌ဒေါက်တာယဉ်မျိုးသူ က  “ အဆင့်မြင့်ပညာကဏ္ဍတိုးတက်ရေးနှင့် အသိပညာရှင် အတတ်ပညာရှင်များမွေး ထုတ်ရေး” ဆွေးနွေးပွဲ ခေါင်းစဉ်မှ “အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု အပြင် လူမှုအသိုက်အဝန်း အထောက် အကူပြုစေမည့်ပတ်ဝန်း ကျင်ဖြင့်သင်ကြား ရေး”ဆိုင်ရာအကြံပြုရှေ့လုပ်ငန်းစဉ်များ၊“နည်းပညာအသုံးပြု သင်ကြားသင်ယူမှုနှင့် စီမံခန့်ခွဲမှုစနစ်အကောင်အထည်ဖော်မည့် အစီအစဉ်များ ဖော်ထုတ်ရေး” ဆိုင်ရာအကြံပြုရှေ့လုပ်ငန်းစဉ်များ၊ “သင်ယူမှုရလဒ်များ ကိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေး နိုင်မည့်ရလဒ်အခြေပြု ပညာရေးစနစ်”ဆိုင်ရာအကြံပြုရှေ့လုပ်ငန်း စဉ်များ၊“တက္ကသိုလ် ဥပဓိရုပ် ကောင်းမွန်ရေးနှင့် တက္ကသိုလ်ပရိဝုဏ်သန့်ရှင်းသာ ယာခံ့ညားရေး” ဆိုင်ရာအကြံပြု ရှေ့လုပ်ငန်းစဉ်များ၊ “ရလဒ်အခြေပြုသင်ရိုးညွှန်းတမ်း များ ခေတ်မီစေရေး” ဆိုင်ရာအကြံပြု ရှေ့လုပ်ငန်း စဉ်များနှင့် “နိုင်ငံစီးပွားတိုးတက်ရေး အတွက် စီးပွားရေးပညာရှင်များ ပိုမိုမွေးထုတ်ပေးရေး” ဆိုင်ရာ အကြံပြု ရှေ့လုပ်ငန်းစဉ်များ အနှစ်ချုပ်တို့ကို စာတမ်းရှင်များအားလုံးကိုယ်စား ဖတ်ကြားတင်ပြကာ တက်ရောက်လာသူများက ဆွေးနွေးကြသည်။

Parallel Session 6 မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်ဆွေလင်း  က “သုတေသနနှင့် တီထွင်ဆန်းသစ်မှု မြင့်မား ရေး”ဆွေးနွေးပွဲခေါင်းစဉ်မှ “ဘွဲ့ကြိုသင်တန်းများတွင် ဘွဲ့ယူသုတေ သနပရောဂျက် အစီအစဉ်များ ထည့်သွင်းရေး” ဆိုင်ရာအကြံပြုရှေ့လုပ်ငန်းစဉ်များ၊ “သယံဇာတနှင့်သဘာဝဝန်းကျင် ရေရှည်တည်တံ့ရေးအတွက် အဆင့်မြင့် ပညာ၏အရေးပါမှု” ဆိုင်ရာအကြံပြုရှေ့လုပ်ငန်းစဉ်များ၊ “နည်းပညာ အခြေပြု စာရေရိက္ခာဖူလုံရေး” ဆိုင်ရာအကြံပြုရှေ့လုပ်ငန်းစဉ်များ၊ “တက္ကသိုလ်နှင့် လုပ်ငန်းခွင် ချိတ်ဆက်ရေး” ဆိုင်ရာ အကြံပြုရှေ့လုပ်ငန်းစဉ်များ၊ “အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအထောက်အကူပြုအသုံးချ သုတေသနများတိုးမြှင့် ဆောင်ရွက်နိုင်ရေး” ဆိုင်ရာ အကြံပြုရှေ့လုပ်ငန်းစဉ်များနှင့် “သုတေသနဖွံ့ဖြိုးတိုးတက် ရေးမူဘောင်ချမှတ်နိုင်ရေး” ဆိုင်ရာ အကြံပြု ရှေ့လုပ်ငန်းစဉ်တို့ကို အနှစ်ချုပ်ဖတ်ကြား တင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။ 

Parallel Session 7 မှ ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးဖြူဇင် က “အရည်အသွေးရှိသော ဆရာဆရာမများ ဖြည့်ဆည်းလေ့ ကျင့်ပျိုးထောင်ရေး” ခေါင်းစဉ်မှ   “ပညာရေးကဏ္ဍအလိုက် ဆရာဆရာမများ လုံလောက် စွာဖြည့်ဆည်းပေးနိုင်ရေး အစီအစဉ်များထည့်သွင်းရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်းစဉ်များ၊ “ဆရာဆရာမများ ပြုန်းတီးမှုလျော့ပါးစေရေးနှင့်လုပ်ငန်းခွင် ပျော်မွေ့စေရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်းစဉ်များ၊“လုပ်ငန်းခွင်အကြို သင်တန်းနှင့်လုပ်ငန်းခွင် အတွင်းမွမ်းမံသင်တန်းများတက်ရောက်စေရေး” ဆိုင်ရာအကြံပြုချက် ရှေ့လုပ်ငန်းစဉ်များ၊ “နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍရှိ ဆရာဆရာမများ၏ အရည်အသွေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေး” ဆိုင်ရာအကြံ ပြုချက်ရှေ့လုပ်ငန်းစဉ်များ၊ “ဆရာတတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်း ဘောင်(TCSF)နှင့် ကျောင်းတွင်းအရည် အသွေး အာမခံမှု(IQA) တို့ချိတ်ဆက်၍ ဆရာအရည်အသွေးမြင့်မာစေရေး” ဆိုင်ရာ အကြံပြုချက်ရှေ့ လုပ်ငန်းစဉ်များနှင့် "ဆရာဆရာမများ အရည်အသွေး စဉ်ဆက်မပြတ် လေ့ကျင့်ပေးရေး” ဆိုင်ရာ အကြံပြုချက်ရှေ့လုပ်ငန်းစဉ်တို့ကို အနှစ်ချုပ်ဖတ်ကြားကြပြီး တက်ရောက်လာသူများ က တက်ကြွစွာ ဆွေးနွေးအကြံပြုကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)၏ ဆွေးနွေးမှုအနှစ်ချုပ်အစီရင်ခံစာကို တင်ပြသည်။

ထို့နောက်    ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က သုံးရက်တာကာလအတွင်း အနာဂတ်ပညာရေး တိုးတက်ကောင်းမွန်ရေးအတွက် အားကြိုးမာန်တက်ဖြင့် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည့် ဆရာကြီးဆရာမကြီးများအားလုံးကို ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်စွာမှတ်တမ်းတင်အပ်ပါကြောင်း၊ အချိန်ကာလတိုတောင်းသော်လည်း ပညာ ရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခုတို့ ညီညီညွတ်ညွတ် စုပေါင်း၍ ကျင်းပပြုလုပ်နိုင်ခဲ့သည့် အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေး ညီလာခံ(၂၀၂၃) သည် အောင်မြင်သည့်ညီလာခံကြီးတစ်ခုဖြစ်ပါကြောင်းနှင့် ညီလာခံ ကြီးသည် အနာဂတ်ပညာ ရေးတိုးတက်ကောင်းမွန်ရေးအတွက် ပညာရေးနှင့်သက်ဆိုင် သောဝန်းကြီးဌာနအားလုံး စုပေါင်းညီညာစွာဖြင့် အောင်မြင်စွာပထမဦးဆုံးကျင်း ပနိုင်ခဲ့သည့် သမိုင်းမှတ်တိုင် စိုက်ထူခဲ့ပြီဖြစ်ပါကြောင်းဖြင့် နိဂုံးချုပ် အမှာစကားပြောကြားကာ ညီလာခံကိုအောင်မြင် စွာပြီးမြောက်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။

သတင်းစဉ်