နေပြည်တော်  ၄   မတ်

 

မြန်မာနိုင်ငံအနေဖြင့် ATIGA e – Form D လဲလှယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ASW Live Operation သို့ ဝင်ရောက်ချိတ်ဆက်နိုင်ခဲ့ခြင်းအတွက် အထိမ်းအမှတ်တစ်ခုအဖြစ် ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိသော အစိုးရဌာနဆိုင်ရာများနှင့် ကုန်သွယ်မှု အသိုက်အဝန်းသို့ အသိပေးတင်ပြမည့် Launch Ceremony အခမ်းအနားကို မတ် ၆ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါ အခမ်းအနားကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ၊ အကောက် ခွန်ဦးစီးဌာနသည် USAID´s Transparency and Inclusive Growth Activity (TIGA)၏ အကူအညီဖြင့် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

 

ဟိန်းမင်းစိုး