ကော့မှူး  ၅ မေ

 


(၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက ကော့မှူးမြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မကျီးကန်ကျေးရွာ ဘုန်းကြီးကျောင်းစေတီတွင် ရေသပါယ်ခြင်း၊ စေတီအနီး ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် လက်ခိုက်ကျေးရွာတွင် သောက်ရေဂါလန် (၄၈၀၀)အား လှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မောင်အေးချမ်း(ကော့မှူး)