အောင်လံ ၅ မေ
အောင်လံမြို့နယ် မီးသတ်ဦးစီးဌာနသည်၊ ယနေ့ ကျရောက်သော (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် မေလ(၅)ရက်နေ့ နံနက်(၅)နာရီက တာ၀တိံသာ တောင်တော်၊ သန္တိသုခကျောင်းမှ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးမြင့်ဝင်း၊ ကန်ကြီးရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အ.ထ.က(၁) စောင့်ကြည့်ရေးစခန်းမှ စောင့်ကြည့်ခံပြည်သူများနှင့် လုပ်အားပေးအဖွဲ့များအား နံနက်စာထမင်းကြော်နှင့် သောက်ရေသန့်ဘူးများ သွာရောက်လှူဒါန်းခဲ့ကြသည်။
ထိုနည်းတူ မေလ(၃)ရက်နေ့ကလည်း အောင်လံဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား တစ်နေ့တာအတွက် အာဟာရများကျွေးမွေးပြီး အသုံးအဆောင်ပစ္စည်းများကိုလည်း သွားရောက်၍ လှူဒါန်းခဲ့ကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)


