ရန်ကုန် ၂၆ မေ
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၄)ရပ်ကွက် (ယုဇနဥယျာဉ်မြို့တော်)တွင် မေ ၂၅ ရက် မွန်းလွဲပိုင်းက COVID-19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက် ခဲ့ကြသည်။
ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရှိုင်းဝေမိုး ဦးဆောင်၍ LUF-60(Robotic Fire Fighting Vehicle)ယာဉ်(၁)စီး၊Medium fire fighter(၁)စီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သာကေတမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ဒဂုံ(အရှေ့) မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ၊ ရွှေသံလျင်လူမှုကူညီရေးအသင်းမှ ဆေးဖျန်းယာဉ်(၁)စီး၊ မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ ဆေးဖျန်းယာဉ်(၁)စီး၊ 5B လူမှုကူညီရေးအသင်း၊ သဘာဝဓမ္မလူမှုကူညီရေးအသင်း၊ စစ်တောင်းရိပ်မွန်လူမှုကူညီရေးအသင်း၊ (၉၃)ရပ်ကွက် မေတ္တာလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်(၁)စီးနှင့် မြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီတို့ပါဝင်ကာ စုပေါင်းပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
ကိုကြီးစိုး(ဆိပ်ကမ်း)


