ရန်ကုန် ဖေဖော်ဝါရီ ၁၀

မြန်မာနိုင်ငံ မီးသတ်ဝန်ထမ်းဟောင်းများအသင်း၏ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဌာနချုပ် သီတာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်နိုင်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ    ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာရှိ များနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးမြင့်ထွန်းဦးဆောင်သာ မြန်မာနိုင်ငံ မီးသတ်ဝန်ထမ်းဟောင်းများ အသင်းမှ အသင်းဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ နှင့် မီးသတ် တပ်ဖွဲ့ဝင်များက  အသက်(၇၅)နှစ် အထက် မြန်မာနိုင်ငံမီးသတ်ဝန်ထမ်းဟောင်း သက်ကြီး ပုဂ္ဂိုလ်(၈၂)ဦးကို ကန်တော့ပြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှုးချုပ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သက်ကြီးဝန်ထမ်း‌ဟောင်းများကို  အလှူငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ဓာတ်ပုံ - ဇွဲမာန်
သစ္စာ(mna)