နေပြည်တော်  ၂၇   စက်တင်ဘာ

 

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအကြား Exchange Letter လက်မှတ်ရေး ထိုးပွဲအခမ်းအနားကို ယနေ့နံနက် နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

yj

 

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ချမ်းဟိုင် နှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က အမှာစကားပြောကြားသည်။

 

 

yhd

 

ထို့နောက် နှစ်နိုင်ငံအားကစားဆိုင်ရာ သဘောတူညီမှုစာချုပ်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည် သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးလှိုင်တို့က လက်မှတ်ရေးထိုးကြပြီး စာချုပ်များအပြန်အလှန် လဲလှယ်ကြသည်။

 

 

tjhs

 

ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အား အမှတ်တရ လက်ဆောင်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

 

dhhjskl

 

လတ်တလောအစီအစဉ်အရ (၃၀)ကြိမ်မြောက် SEA GAMES  တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ မြန်မာအားကစားသမား(၁၃၀)ဦးအား ရက်ပေါင်း(၃၀) လက်ခံလေ့ကျင့်ပေးမည်ဖြစ်ပြီး လှေလှော် အားကစားနည်းတွင် နဂါးလှေ()စီး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 (သတင်းစဉ်)