နေပြည်တော် ၁၁ မတ်


ယနေ့ နံနက် ၇ နာရီ၊ ၄၄ မိနစ်၊ ၂၉ စက္ကန့်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင် (၃၈၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။


အဆိုပါငလျင်သည် တောင်လတ္တီတွဒ် (၁၁.၉၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၅၅) ဒီဂရီ၊ အနက် (၉၃) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။


MDN