နေပြည်တော် ၁၂ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၁၂ ရက် မြန်မာစံတော်ချိန် ၈ နာရီ ၂ မိနစ် ၂၉ စက္ကန့် အတွင် စစ်တွေမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၆၀၇) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Bay of Bengal) မြောက်လတ္တီတွဒ် (၁၄.၆၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၈၅.၇၀) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းထွာချက်အရ သိရသည်။
MDN