နေပြည်တော် ၂၀ မတ်
မတ်လ ၂၀ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၅၇ မိနစ် ၃၄ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင်(၄၀ဝ) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပကို ဗဟိုပြုကာ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၁၂.၁၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၂.၇၉) ဒီဂရီ၊ အနက် (၄၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်းသိရသည်။
MDN