နေပြည်တော် ၄ ဧပြီ
ယနေ့ မွန်းလွဲ ၂ နာရီ (၁၅)မိနစ်၊ (၂၇)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်ဘက် (၈၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Myanmar- India Border Region) မြောက်လတ္တီတွဒ် (၂၅.၄၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၆) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
MDN