နေပြည်တော် ၂၄ မတ်

မတ် ၂၃ ရက် ည ၁၁ နာရီ ၁၂  မိနစ်တွင် မြစ်ကြီးနား မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၀၉) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း  (ဖားကန့်မြို့၏ အနောက်မြောက်ဘက် ၅၂ မိုင်ခန့်အကွာ) တွင် အင်အား အနည်းငယ်ရှိ မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၂၆.၂၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၅) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

MDN